Videos
ကချင်တိုင်းရင်းသားရိုးရာအက
ရန်ကုန်၊ ဇန်နဝါရီ (၂၆ ) ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ မြောက်ဖျားတွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ကြီး ၏ စတင်ရာ မေခမြစ်နှင့် မေလိခ မြစ်တို့တွေ့ဆုံရာ သဘာဝ သယံဇာတများပေါကြွယ်ဝရာ ဆီးနှင်းဖြူများဖုံးလွှမ်းနေသော တောင်တန်းများ ပိုင်ဆိုင်ထားရာ နေရာဒေသဖြစ်သည်။
ကချင်ပြည်နယ်တွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စည်းလုံးညီညွတ်စွာ ပါဝင် ဆင်နွှဲလေ့ရှိတဲ့ ကချင်တိုင်းရင်းသားရိုးရာ အကအလှကို မြန်မာနိုင်ငံအနုပညာဦးစီးဋ္ဌာနမှ အနုပညာရှင်များက ကချင်တိုင်းရင်းသားရိုးရာအက အဖြစ် ၂ဝ၁၇ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူး ပျော်ရွှင ်ဖွယ်ရာ ဆွေမျိုးပေါက်ဖော် အနုပညာ ပဒေသာ ကပွဲတွင် ဖျော်ဖြေတင်ဆက်ခဲ့သည်။ (Xinhua)