Videos
ကမ္ဘာ့အကြီးဆုံး ရေခဲနှင့် နှင်း ဥယျာဉ်အား ဖွင့်လှစ်
ဟေလုံကျန်း၊ ဒီဇင်ဘာ (၂၃) ရက် (ဆင်ဟွာ)
၂၀၁၅ ခုနှစ် ဆောင်းရာသီအတွက် ကမ္ဘာ့အကြီးဆုံး ဟာဘင်း ရေခဲနှင့် နှင်း ဥယျာဉ်အား ဒီဇင်ဘာလ (၂၂) ရက်နေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါဥယျာဉ်တွင် နှင်းခဲနှင့်ရေခဲ တန်ချိန်ပေါင်း ၃သိန်း၃သောင်းအားအသုံးပြုပြီး ရေခဲရုပ်တုပေါင်း ၇ဝ ကျော်အားဖန်တီး ထားသည်။ ဥယျာဉ် ၏ အရှည်ဆုံး မျှော်စင် ရေခဲ ရုပ်တုကြီး မှာ အရှည် ၄၆.၅ မီတာ အထိ ရှိသည်။ အဆိုပါ ဥယျာဉ်ထဲတွင် ရိုးရာ ဆောင်းရာသီအားကစားများတွင် ရေခဲခွဲခြင်းနှင့် ရေခဲတောင်တက်ခြင်းတို့ကဲ့သို့ ကစားနည်းများအားလည်း ကစားနိုင်ရန်ဖန်တီးပေးထားသည်။ ရေခဲပန်းပုများအား ရောင်စုံမီးများနှင့် အလှခြယ်ထားသောကြောင့် အလွန်လှပခဲ့ပြီး ဧည့်သည်များအားဆွဲဆောင်နိုင်ခဲ့သည်။ အဆိုပါဥယျာဉ်တွင် ဟာဘင်း အပြည်ပြည်ဆိုင်ရာ ရေခဲပန်းပုပြိုင်ပွဲအားလည်း ကျင်းပပေးမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ ပြိုင်ပွဲဝင်များလာရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါဥယျာဉ်အား ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင်တရားဝင် ဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီလကုန်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဥယျာဉ်အားနှစ်စဉ် ဆောင်းရာသီ ၌ ဖွင့်လှစ်ခဲ့သည်မှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်ပြီး ယနေ့အထိ လာရောက်လည်ပတ်သူ ဧည့်သည် ပေါင်း ၁ဝ ဘီလီယံ ခန့် ရှိကြောင်းသိရသည်။ (Xinhua)