Videos
ကမ္ဘာ့ အသက်အကြီးဆုံးပန်ဒါ ဖွားဖွား၏ ၃၈ နှစ်မြောက် မွေးနေ့မင်္ဂလာ
ချုံချင့်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့် မြူနီစပါယ် ဒေသ တွင် ဩဂုတ် ၁၆ ရက်က အသက် ၃၈ နှစ် ပြည့်မြောက်ခဲ့သည့် ပန်ဒါဖွားဖွား Xinxing ၏ မွေးနေ့မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ အဆိုပါ မွေးနေ့မင်္ဂလာပွဲ တွင် ပန်ဒါကြီးများနှစ်သက်သဘောကျသည့် မျှစ်စို့များ၊ မုန်လာဥနီများနှင့်ဖရဲသီးများ ဖြင့် မွေးနေ့ကိတ်ကို ပြင်ဆင်ပေးခဲ့သည်။ ဖွားဖွားပန်ဒါသည် ရံဖန်ရံခါတွင် သွေးတိုးခြင်းမှ လွဲ၍ လက်ရှိတွင်ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ ဖွားဖွားပန်ဒါ သည် ကမ္ဘာပေါ်ရှိပန်ဒါကြီးမျိုးထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး လူ့သက်တမ်းနှင့်တွက်ပါက နှစ်ပေါင်း ၁၁၀ ကျော်နှင့်ညီမျှသည်ဟုသိရသည်။ ၎င်း၏ မျိုးဆက် ပန်ဒါများသည် တရုတ်နိုင်ငံအပြင် အမေရိကန်၊ကနေဒါနှင့် ဂျပန်စသည့်အခြားနိုင်ငံနှင့်ဒေသများတွင်လည်း အသီးသီးပျံ့နှံ့ကျက်စားနေထိုင်လျက်ရှိသည်။ (Xinhua)