Videos
ကုန်းကျော်တံတား တစ်စင်းကို အချိန် နှစ်နာရီခွဲအတွင်း အပြီးဖြိုချ
ကျန်းစု၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ Jiangsu ပြည်နယ် Jiangyin တွင် ကုန်းကျော်တံတား တစ်စင်းကို အချိန် နှစ်နာရီခွဲအတွင်း အပြီးဖြိုချနိုင်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်မည့် ပိုမိုကြီးမားသည့် တံတားတစ်စင်းတည်ဆောက်နိုင်ရန် အဆိုပါကုန်းကျော်တံတားကို မြေတူးစက်ပေါင်း ၅ဝ နှင့်အတူ အခြားစက်ကိရိယာများ၏ အကူအညီဖြင့် ယခုကဲ့သို့ဖြိုဖျက်ခြင်းဖြစ်ပြီး အချိန်တိုအတွင်း လူအင်အားနှင့် စက်အင်အားတို့ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)