Videos
ခြေထောက်သိမ် မသန်စွမ်း တစ်ဦး လက်နှစ်ဖက်ဖြင့် တောင်ထိပ်သို့တက်ရောက်
ရှန်တုံ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)
မွေးရာပါ ရောဂါ တစ်မျိုးကြောင့် ခြေထောက်သိမ်ပြီး မသန်စွမ်းတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် Liu Honggang ဆိုသူသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ရှိ Tai တောင်တန်းပေါ်သို့ လက်နှစ်ဖက်ဖြင့် တက်ရောက်ခဲ့သည်မှာ ၎င်း အသက်၁ဝ နှစ် ကတည်းကဖြစ်သည်။ Liu နေထိုင်ရာဒေသမှာ တောင်တန်းများ ကြားတွင် ဖြစ်သောကြောင့် wheelchair အသုံးပြုရန် အဆင်မပြေဘဲ လက်အိတ်များဝတ်ထားသော လက်နှစ်ဖက်ကိုအားပြုသွားလာရပြီး Tai တောင်ထိပ်ပေါ်သို့ တက်ရောက်ရန် ခြေလှမ်း ၈ဝဝဝ ခန့်သွားလာရသည်။ တောင်တက်ရန်အတွက် အချိန် ၁ဝနာရီကြာမြင့်ပြီး တောင်အောက်ကိုဆင်းရန် ၇ နာရီခန့်ကြာမြင့်ကြောင်း Liu က ဆိုသည်။ ဝမ်းတွင်းပါရောဂါတစ်မျိုးကြောင့် ခါးအောက်ပိုင်းသိမ်နေသော liu မှာ လက်များကိုသာ အသုံးပြုသွားလာရသောကြောင့် ၎င်း၏ လက်ဖဝါးများတွင် အသားမာများတက်လျက်ရှိပြီး လက်မောင်း ကြွက်သား များ မှာလည်း ပုံမှန်လူတစ်ယောက်ကဲ့သို့ သန်မာသောကြောင့် ပုံမှန်အတိုင်းလျင်မြန်စွာ သွားလာနိုင်ကြောင်း သိရသည်။(Xinhua)