Connect with us

Videos

စတီယာရင် နှင့် ဘရိတ်ခြေနင်းတို့မပါဝင်တော့သည့် မောင်းသူမဲ့ကား တရုတ်နိုင်ငံတွင်စမ်းသပ်

ဖူကျန့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်းဖူကျန့်ပြည်နယ်တွင် မောင်းသူမဲ့ လျှပ်စစ်မီနီဘတ်စ်ကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်ခဲ့ကြောင်းသိရသည်။ ထိုလျှပ်စစ်မောင်းသူမဲ့ယာဉ်တွင် ပုံမှန်ကားများတွင်ပါဝင်သည့် အစိတ်အပိုင်းများဖြစ်သည့် စတီယာရင် နှင့် ဘရိတ်ခြေနင်းတို့ ပါဝင်ခြင်းမရှိတော့ဘဲ အလိုအလျောက် မောင်းနှင်၊ ရပ်နားနိုင်သည့်စနစ်ဖြင့် သွားလာနိုင်မည်ဖြစ်သည်။ ၎င်းကို တရုတ်နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Baidu နှင့် ကားထုတ်လုပ်ရေးလုပ်ငန်း King Long တို့ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး လေဆိပ်များနှင့် ပန်းခြံများတွင်အသုံးပြုနိုင်စေမည့် shuttle bus ပုံစံထုတ်လုပ်ထားသည်။ ထိုမောင်းသူမဲ့ယာဉ်များကို ဇူလိုင်လတွင် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.