Videos
စွမ်းဆောင်ရည်မြင့် ဓာတ်အားလိုင်း စစ်ဆေးရေးစက်ရုပ်
တရုတ်၊ Changsha ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changsha ရှိ ဓာတ်အား မြင့်မားစွာ စီးဆင်းနေတဲ့လျှပ်စစ်ဓာတ်အားလိုင်းတွေရဲ့ အနေအထားကို စွမ်းဆောင်ရည်မြင့် စစ်ဆေးရေးစက်ရုပ်( Smart Repair Robot) နဲ့ စစ်ဆေးပေးနေတယ်လို့သိရပါတယ်။
အဲဒီ စစ်ဆေးရေးစက်ရုပ်ဟာ ဓာတ်အားလိုင်းတွေပေါ်မှာ ကောင်းကင်ကျွမ်းဘားအားကစားသမားတစ်ဦးပမာ ဟန်ချက်ညီညီ နဲ့ ပြုမူဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့အပြင် စက်ရုပ်မှာ တပ်ဆင်ထားတဲ့ လေဆာအာရုံခံစနစ်နဲ့ဓာတ်အားလိုင်းတွေမှာ တိုက်စားမှုတွေနဲ့ပျက်စီးမှုတွေကို သိရှိနိုင်ပါတယ် ။
Smart Repair Robot စစ်ဆေးရေးစက်ရုပ်မှာ အလွန်ကြည်လင်ပြတ်သားတဲ့ ကင်မရာ ( high –definition camera ) ကို တပ်ဆင်ပေးထားပြီး အဲဒီကင်မရာနဲ့ ဝါယာကြိုးလိုင်းတွေကို အသေးစိတ်မှတ်တမ်းတင်ပေးတယ်လို့သိရပါတယ်။
ခက်ခဲပြီး အန္တရာယ်ရှိတဲ့ လျှပ်စစ်သွယ်တန်းမှုလုပ်ငန်းစဉ်တွေမှာ စက်ရုပ်က လုပ်ဆောင်ပေးဖို့မြေပြင်ထိန်းချုပ်ခန်းကတဆင့် လူသားတွေဟာ စက်ရုပ်ကို ထိန်းချုပ်အမိန့်ပေးနိုင်တယ်လို့သိရပါတယ်။ (Xinhua)