Videos
တရုတ်နိုင်ငံက သံလမ်းတစ်ကြောင်းတည်းတွင်ပြေးဆွဲမောင်းနှင်နိုင်သည့် ပြည်တွင်းဖြစ် ရထားစမ်းသပ်
ဆန်းတုန်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ မြန်နှုန်းအထိ ပြေးဆွဲနိုင်သော သံလမ်းတစ်ကြောင်းတည်းပေါ် တွင် မောင်းနှင်နိုင်သည့် ပြည်တွင်းဖြစ် ရထားတစ်စင်းကို စမ်းသပ်မောင်းနှင်ခဲ့ကြောင်းသိရသည်။
သံလမ်းတစ်ကြောင်းတည်းသွား ရထား အမျိုးအစားကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရထားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် CRRC Corp.Ltd က မူပိုင်ခွင့် ဖြင့် ထုတ်လုပ်ခဲ့သည်။
ယခင်က ထုတ်လုပ်ခဲ့သည့် သံလမ်းတစ်ကြောင်းတည်းသွား ရထားအမျိုးအစားများနှင့် နှိုင်းယှဉ်ပါက ယခု ရထားကို swaddle ကြပ်ထုတ်စီးပုံစံမျိုး ထုတ်လုပ်ထားပြီး စဉ်ဆက်မပြတ်အသုံးပြုနိုင်သော ဒြပ်စင် ပစ္စည်းများဖြင့် ဖန်တီးပြုလုပ်ထားသည်။
ယခု ရထား model အသစ်ကို သက်တမ်း နှစ်ပေါင်း ၃၀ အထိ ကြာရှည်ခံအောင်ဖန်တီးထားရာ ယခင်အမျိုးအစားများထက် သက်တမ်း ၂ ဆ ကြာ ပိုအသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် ယခုတီထွင်ထုတ်လုပ်လိုက်သော ရထားသည် ပြေးဆွဲရာတွင်ကုန်ကျစရိတ်ပိုမိုနည်းပါးခြင်း၊ ကုန်းတက်များတွင်ပြေးဆွဲနိုင်ခြင်း၊ကွေ့ကောက်ပြေးဆွဲနိုင်ခြင်းတို့အပြင် လေပြင်းဒဏ်လည်း ပိုမိုခံနိုင်ရည်ရှိကြောင်းသိရသည်။ (Xinhua)