Videos
တရုတ်နိုင်ငံတွင် မောင်းသူမဲ့ ပို့ဆောင်ရေးယာဉ်များကို စမ်းသပ်
ထျန်းကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းတက္ကသိုလ်တွင် အောက်တိုဘာ နှောင်းပိုင်းကတည်းက မောင်းသူမဲ့ ပို့ဆောင်ရေးယာဉ်များကို စမ်းသပ်အသုံးပြုလျက်ရှိပြီဖြစ်သည်။ ၎င်းယာဉ်များမှာ အမြင့် ၁မီတာရှိပြီး ခရီးစဉ်တစ်ကြောင်းလျှင် ပါဆယ် ၁၈ ထုတ် အထိ သယ်ဆောင်နိုင်သည်။ ပို့ဆောင်ရေးယာဉ်တွင် လူ၏ ထိန်းချုပ်မှုမလိုဘဲ အလိုအလျှောက်သွားလာနိုင်သည့် စက်ရုပ်နည်းပညာ နှင့်အတူ အချိန်နှင့်တပြေးညီ နေရာညွှန်ပြသည့်စနစ်နှင့် video ဖြင့် စောင့်ကြည့်ခြင်းစနစ်များကိုလည်းထည့်သွင်းထားသောကြောင့် လမ်းရှိအဟန့်အတားများကိုရှောင်ရှားနိုင်သည့်အပြင် ပါဆယ်ပစ္စည်းများကိုလည်း လုံခြုံစွာပို့ဆောင်ပေးနိုင်သည်။ ၎င်းစက်ရုပ်ယာဉ်မှာ စီစဉ်သတ်မှတ်ထားခဲ့သည့်အတိုင်း သတ်မှတ်နေရာ ကို အချိန်ကိုက်ပို့ဆောင်ပေးနိုင် ပြီး ဖောက်သည်များထံ ပါဆယ်ထုတ်လာရောက်ထုတ်ယူရန် ကိုယ်တိုင်ဖုန်းခေါ်ဆိုနိုင်သည်။ ထို့အပြင် ပို့ဆောင်ပေးရမည့် ပစ္စည်းများကိုလည်း တိတိကျကျယူဆောင်လာနိုင်သည်။နောက်ပိုင်းတွင် တရုတ်နိုင်ငံ၌ တစ်နှစ်တစ်ခါ အကြီးအကျယ် ဈေးအရောင်းအဝယ်ပြုလုပ်ကြသည့် Single’s Day (လူလွတ်များ၏ ဈေးဝယ်နေ့) တွင် ပစ္စည်းများကို လွယ်ကူလျှင်မြန်စွာပို့ဆောင်နိုင်ရန် ထို မောင်းသူမဲ့ ပို့ဆောင်ရေးယာဉ်များကိုအသုံးပြု လာနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)