Videos
တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့်ရထားလမ်းတံတားကြီးများ တည်ဆောက်ခြင်း
ရှန်ရှီး၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်းအများစုကို တံတားကြီးများပေါ်တွင် တည်ဆောက်လေ့ရှိသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ မြန်နှုန်းမြင့် ရထားလမ်းတံတားကြီးများသည် ရထားပို့ဆောင်ရေး ဝန်ဆောင်မှု ကဏ္ဍတွင် စိတ်ချ လုံခြုံမှု စီးနင်းရာတွင် ငြိမ့်ညောင်းမှု နှင့် တည်ငြိမ်မှုရှိစေသည်ဟုဆိုသည်။ တံတားကြီးများ တွင် ရထားလမ်းများကို တည်ဆောက်ခြင်းဖြင့် ပုံမှန်တည်ဆောက်ရေးလုပ်ငန်းများထက် ပိုမိုကာ မြေနေရာအများစု ကို ချွေတာရာ ရောက် သောကြောင့် ဖွံ့ဖြိုးပြီး လူဦးရေသိပ်သည်းသည့် ဒေသများ အတွက် အကျိုးကျေးဇူးများသည်။ (Xinhua)