Connect with us

Videos

တရုတ်နိုင်ငံ၏နာမည်ကျော် မကာအိုသံစုံတီးဝိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်ဖျော်ဖြေ

ရန်ကုန်၊ မတ်လ ၃၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျော် တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ က ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲအခမ်းအနားကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဟယ်ဟုန့်ဟွာ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်နိုင်ငံ မကာအို လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထန်ကျွင့်ယုံ၊တရုတ်နိုင်ငံ မကာအို ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးဌာန ဥက္ကဋ္ဌ ကျန်းကျူယုံ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း နာယက ဦးတင်ဦးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခုတစ်ကြိမ်ဂီတဖျော်ဖြေပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံ မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုဖလှယ်ခြင်းဖြစ်ရာ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ မကာအို လူမှုရေး နှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထန်ကျွင့်ယုံ ကလည်း ယဉ်ကျေးမှုဖလှယ်ခြင်းက ပြည်သူများ အကြားအပြန်အလှန်နားလည်သိရှိမှုများ တိုးပွားလာမည်ဖြစ်သလို ပိုမိုနီးကပ်သည့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူလူထု ၏နွေးထွေးစွာကြိုဆိုမှုကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ၎င်း၏အမှာစကားတွင် ရေးသားဖော်ပြထား သည်။ ဖျော်ဖြေတင်ဆက်ပွဲကို တရုတ်နိုင်ငံ မကာအို သံစုံတီးဝိုင်း၏ Music Director /Principal Conductor နာမည်ကျော် ဂီတပညာရှင် မစ္စတာ လုကျာနှင့် ၎င်း၏ဝိုင်းတော်သူဝိုင်းတော်သားများက Mozart ၏နာမည် ကျော် တေးသွားများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.