Connect with us

Videos

တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာသုံးနောက်ဆုံးပေါ်ယာဉ်များကို ဂျာမနီ စက်မှု ကုန်စည်ပြပွဲတွင်ပြသ

ဘာလင်၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ဂျာမနီ နိုင်ငံတွင် ပြုလုပ်သည့် စက်မှု ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာသုံး နောက်ဆုံးပေါ်ယာဉ်များကို ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။ ၎င်းပြပွဲတွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ရထားများထုတ်လုပ်သည့် ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်သော CRRC က ၎င်း၏ ကမ္ဘာ့ပထမဆုံး ကာဗွန်ကိုယ်ထည်သုံး cetrovo ဟုအမည်ရသည့် လျှပ်စစ်ယာဉ် ကို မိတ်ဆက်ခဲ့သည်။ ၎င်းမှာကာဗွန်မျှင်များဖြင့်ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် အလေးချိန်ပေါ့ပါးပြီး အသံဆူညံမှုကိုလည်းလျှော့ချပေးနိုင်သည်။ထို့အပြင် တရုတ်နိုင်ငံ၏ နံမည်ကျော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် BYD ကလည်း လျှပ်စစ်ဘတ်စ်ကားသစ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းမှာ တရုတ်နိုင်ငံ ၏ ပထမဆုံး

၁၂ မီတာအရှည်ရှိ ဘတ်စ်ကားအမျိုးအစားဖြစ်သည်။ ကမ္ဘာ့ပထမဆုံးလေဆာနည်းပညာဖြင့် စတီးဝရိန်ဆော်သည့်စက်ကိရိယာတစ်မျိုးကိုလည်းတရုတ်နိုင်ငံ FAWDE ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံ Mahle ကုမ္ပဏီတို့ပူးပေါင်းကာထုတ်လုပ်ခဲ့ပြီး ပြပွဲတွင်ပြသခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.