Videos
တရုတ်မြောက်ပိုင်းရှိ အအေးပိုင်းဒေသတွင်တည်ဆောက်ထားသည့် အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်း
ဟေလုံကျန်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အမြင့်ပိုင်း အေးမြသည့် ဒေသတွင်ဖောက်လုပ်ထားသော တရုတ်နိုင်ငံ၏ အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်းကြီးသည် စတင်ဖွင့်လှစ်ခဲ့ချိန်မှ ယခုအချိန်အထိ ခရီးသွား ၁၄ သန်းခန့် အသုံးပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဟာဘင်-ကျားမူစီ မြန်နှုန်းမြင့်ရထားလမ်းသည် ဟေးလုံကျန်းပြည်နယ် ဟာဘင်မြို့နှင့် ကျားမူစီမြို့ နှစ်မြို့ကို ချိတ်ဆက် ဖောက်လုပ်ထားခြင်းဖြစ်ပြီး စတင်ပြေးဆွဲလျက်ရှိသည်မှာ အချိန် ၂ နှစ်ခန့်ရှိပြီဟုသိရသည်။
ဆောင်းရာသီ အပူချိန် အနုတ် ၃၅ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းတတ်သည့် အလွန်အေးသော ဒေသတွင် တည်ဆောက်ထားသည့် ၎င်းရထားလမ်းသည် အမြန်ရထားများကို တစ်နာရီလျင် ကီလိုမီတာ ၂၀၀ မြန်နှုန်းထိ ပြေးဆွဲနိုင်အောင် ဖောက်လုပ်ထားပြီး ယခင်က ကြာချိန် ၃၆၀ မိနစ်သွားလာရသည့်ခရီးကို ယခုအခါ ၁၁၀ မိနစ်အတွင်း သွားလာနိုင်ကြောင်းသိရသည်။ (Xinhua)