Connect with us

Videos

တရုတ်ရိုးရာတီထွင်ဖန်တီးမှုလက်ရာများပြပွဲ နယူးဇီလန်တွင်ကျင်းပ

ဝယ်လင်တန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့တွင် တရုတ်ရိုး
ရာတီထွင်ဖန်တီးမှုလက်မှုအနု
ပညာပစ္စည်းများ
ကို Beautiful
Zhejiang Cultural Festival
၌ ဇူလိုင်လ ၆ ရက်က ပြသခဲ့ရာ
ဝါးဖြင့်ပြုလုပ်သည့်
ထီးအစုံအား
ကြည့်ရှုသူများအထူးစိတ်ဝင်စား
ကြကြောင်းသိရသည်။

တီထွင်ဆန်းသစ်မှုများကို အထူးပြုလုပ်ပြသသည့် အဆိုပါပွဲတွင်

နေ့စဉ်လူနေမှုဘဝသုံးအသုံးအဆောင်ပစ္စည်းများကို တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်ရှိ

တရုတ်လူငယ် ဒီဇိုင်နာများက လက်မှုအနုပညာလက်ရာအလှအပများနှင့်

အရှေ့တိုင်းအငွေ့အသက်တို့ ထုံမွှမ်းစေရန် အထူးရည်ရွယ်ပြသခြင်းဖြစ်သည်။

ပြခန်းတွင် ပြဝင်ပြသသူ လက်မှုပညာရှင် ကျားကောယွီ က

ဆင်ဟွာသတင်းဋ္ဌာနကိုပြောကြားရာတွင် ၎င်းတို့သည် ရိုးရှင်းသည့် ဒီဇိုင်းများကို အသစ်တဖန်

တီထွင်ဆန်းသစ်ပြသခြင်းဖြစ်သည်ဟုဆိုသည်။

ထိုပြပွဲ တွင် နိုင်ငံတကာ က ပေးအပ်ချီးမြှင့်သည့် ဆု ရဒီဇိုင်းများကို ပါ ထည့်

သွင်းပြသထားခြင်းဖြစ်ပြီး ယခင်ကတည်းက နိုင်ငံပေါင်းများစွာတွင်ပြသခဲ့ပြီးဖြစ်သည်။

နယူးဇီလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်လူတန် က ပြောကြားရာတွင် ပြပွဲတွင်

ပြသထားသည့် လက်မှုအနုပညာပစ္စည်းများသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှ သဘာဝ

ထွက်ကုန်ပစ္စည်းများကိုအ သုံးပြု ကာ ငယ်ရွယ်ထက်မြက်သည့် တရုတ်ဒီဇိုင်နာများ၏

လက်ရာများဖြစ်ကြောင်း၊ ထိုသို့ ပြပွဲ ကျင်းပခြင်းသည် တရုတ်နိုင်ငံ နှင့် နယူးဇီလန်နိုင်ငံတို့အကြား

တီထွင်ဆန်းသစ်မှု ဖလှယ်ခြင်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.