Connect with us

Videos

တရုတ်အမျိုးသမီးပန်းပုဆရာမကြီး ဥခွံပန်းပုအလှအပပုံရိပ်များ


လျောင်နင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ဒန်ဒွန်တွင် Yu Wen ဆိုသည့် ပန်းပုပညာရှင်တစ်ဦးက ဥခွံများပေါ်တွင် ပန်းပုလက်ရာများကို ထွင်းထုထားရာ အလွန်လက်ရာမြောက်လှပလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် Yu Wen မှာ ဥခွံအမျိုးမျိုးပေါ်တွင် လက်ရာမြောက်ပန်းပု ထွင်းထုခြင်းကိုအလွန်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူမက ဥခွံမှာ ပန်းပုထွင်းထုခြင်းသည် အလွန်အနုစိတ်ရသည့်အနုပညာတစ်ခုဖြစ်ပြီး ထွင်းထုနေစဉ်အတွင်းဥခွံများဟာ ပါးလွှာလွန်းသောကြောင့်အလွန်ဂရုတစိုက်ထွင်းထုရကြောင်း၊ ဥပမာအားဖြင့် ဘဲဥခွံတွင် အထူအားဖြင့် ၁မီလီမီတာရဲ့ ၃ ပုံ၁ပုံခန့်သာရှိသောကြောင့်သေချာစွာကိုင်တွယ်ထုလုပ်ခြင်းမပြုပါကအလွယ်တကူ ကွဲအက်နိုင်ကြောင်း၊အဖိုးဖြစ်သူက ပန်းပုထုလုပ်ခြင်းကိုအလွန်ကျွမ်းကျင်ပါကြောင်း၊ မိမိငယ်စဉ်ကတည်းက အဖိုး၏ ပန်းပုထုလုပ်ခြင်းကိုကြည့်ရှုခဲ့ရပါကြောင်း၊ ထို့ကြောင့် ဥခွံများတွင် တရုတ်ရိုးရာစကားလုံး ကံတရားသို့မဟုတ် အပင်များ၊ ပန်းများ၊ ငှက်များနှင့်ငါးများကို ပန်းပုထွင်းထုခြင်းက လွယ်ကူခဲ့ပါကြောင်းပြောကြားခဲ့သည်။

ဥခွံများတွင် လှပသည့်လက်ရာများပေါ်ထွက်ရန် Yu မှာ ဥပေါင်း ၁သောင်းခန့်ကိုအသုံးပြုခဲ့ရသည်။ ဥတွေကို ကုန်အောင်စားရတာ Yu အတွက် ပြဿနာကြီးတစ်ရပ်ဖြစ်ကြောင်းသူမက ဆိုသည်။ ဥပမာအားဖြင့် ကျွန်မ က တစ်ချိန်တည်းမှာ ဘဲဥ အလုံး၁ဝဝ ဝယ်လိုက်တယ်ဆိုပါစို့ ဒီတော့ကျွန်မ တစ်ထိုင်တည်းမှာ အလုံး၁ဝဝ လုံးကို ကုန်အောင်မစားနိုင်ဘူးလေ။ ဒီတော့ ကျွန်မ ဥထဲက အကာနဲ့အနှစ်တွေကို ဖယ်ပစ်ပြီးအခွံကိုယူရတယ်။ ဒီဥတွေအကုန်လုံးကို တပါတ်ထဲ နဲ့ဘယ်ကုန်အောင်စားနိုင်ပါ့မလဲ။ ဒီတော့ကျွန်မက အဲဒါတွေကို အမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေကိုဝေရတာပေါ့။ Yu Wen ၏ ဥခွံများတွင်ထွင်းထုထားသည့် ပန်းပုအလှအပများကို အောက်ပါ video တွင်ကြည့်ရှုနိုင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.