Connect with us

Videos

တရုတ် အာကာသယာဉ်မှူးများသဲကန္တာရအတွင်း အသက်ရှင်လေ့ကျင့်ခန်းများကို ပြင်းထန်စွာဆောင်ရွက်ခဲ့

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ် အာကာသယာဉ်မှူးများက Badain Jaran သဲကန္တာရအတွင်း ၄၈နာရီကြာအသက်ရှင်သန်စေရန်လှုပ်ရှားရုန်းကန်ရသည့် လေ့ကျင့်ခန်းတစ်ရပ်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြသည်။

ပြင်းထန်ဆိုးဝါးလှသည့်ရာသီဥတုအတွင်း အာကာသယာဉ်မှူးများက သတ်မှတ်ပေးထားသည့် အသုံးအဆောင်ပစ္စည်းများကိုသာအသုံးပြုပြီးကြံံ့ကြံ့ခံနိုင်ကာ အသက်ရှင်နေထိုင်နိုင်ရမည်ဖြစ်သည်။ အချိန် ၄၈ နာရီအတွင်း ၎င်းတို့အားထည့်ထားသည့် capsule မှ ထွက်ရမည်ဖြစ်ပြီး ၎င်းတို့၏ တည်နေရာကို ပြန်လည်သတင်းပို့ရမည်ဖြစ်သည်။ ၎င်းတို့၏ လေထီးများနှင့်သဲကန္တာရအတွင်းတွေ့ရှိသည့်မည်သည့် အရာဝတ္တုများကိုမဆိုအသုံးပြုကာ အမိုးအကာများကိုဆောက်လုပ်နေထိုင်ရမည်ဖြစ်သည်။

ထို့အပြင် အကူအညီအချက်ပြစနစ်များကို ကောင်းမွန်စွာအသုံချနိုင်ရမည်ဖြစ်ပြီးကယ်ဆယ်ရေးစခန်းတည်ရှိရာ ၄ကီလိုမီတာခန့်အကွာအဝေးကိုလည်းလမ်းလျှောက်သွားလာနိုင်ရမည်ဖြစ်သည်။ ထိုသို့အခက်အခဲများကိုကျော်ဖြတ်နိုင်သည့် အာကာသယာဉ်မှူးများသာ အာကာသအတွင်းလိုက်ပါခွင့်ရရှိမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.