Videos
တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့ဆွေးနွေးပွဲအပြီးတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပြုံယမ်းတွင် ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အပြင် ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်ကလည်း
ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။(Xinhua)