Videos
ထိုင်းနိုင်ငံတွင် ဇီကာရောဂါပိုးကူးစက်ခံကိုယ်ဝန်ဆောင်မိခင် ကလေးငယ်အား အန္တရာယ်ကင်းစွာမွေးဖွားနိုင်ခဲ့
ဘန်ကောက်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဆသွန်းခရိုင် အတွင်း ဇီကာရောဂါဖြစ်ပွားသူ ၂၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ထိုအထဲတွင် ရင်သွေးငယ်ကို ကောင်းမွန်စွာပုံမှန်အတိုင်းမွေးဖွားနိုင်ခဲ့သည့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦး ပါဝင်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
အာဏာပိုင်များ၏အဆိုအရ ဘန်ကောက်မြို့လယ်ပိုင်းတွင် ကူးစက်ဖြစ်ပွားခဲ့သည့် ဇီကာ ရောဂါ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန် ၃၇ ပတ်တွင် ဇီကာရောဂါဖြစ်ပွားမှု ၂၇၅ ခု ထိ ရှိသည့် စင်ကာပူနိုင်ငံမှ ပြန်ရောက်လာသောခင်ပွန်းသည်ထံမှ ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဖျားခြင်း၊ အရေပြားတွင်အစက်အပြောက်များထွက်ခြင်း၊ မျက်လုံးများနီရဲခြင်းနှင့် အရိုးအဆစ်များ နာကျင်ခြင်းဝေဒနာတို့ကို ခံစားခဲ့ရသည်။ ရောဂါကူးစက်ခံ ကိုယ်ဝန်ဆောင်မိခင်များမှာ ဦးခေါင်းခွံသေးကလေးငယ်များ မွေးဖွားနိုင်ခြေရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် အဆိုပါ အမျိုးသမီးမှာ ကလေးငယ်ကို ပုံမှန်အတိုင်းအန္တရာယ်ကင်းစွာမွေးဖွားနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် ယခုလက်ရှိအချိန်အထိ ဇီကာရောဂါကူးစက်မှု ၂ဝ ခုကို တွေ့ရှိထားပြီဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ထားသည်။ (Xinhua)