Connect with us

Videos

နီပေါငလျင်ဒဏ်သင့်ပြည်သူများအား အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ဘောလုံး ၉ထောင်ကျော်လွှတ်တင်ခဲ့

ခတ္တမန္ဒူ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ၌ ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၉၀၀၀ နီးပါး သေဆုံးခဲ့သည်။ထို ငလျင်ကြောင့် သေဆုံးခဲ့သူများအား တစ်နှစ်ပြည့် အောက်မေ့ သတိရခြင်း အခမ်းအနားကို ဧပြီလ ၂၄ ရက်တွင် ကျင်းပခဲ့ပြီး ခွဲခွာသွားသူများ၏ ဝိညာဉ်များအတွက် ဆုတောင်းပေးရန် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ (KP Sharma Oli) ပန်ကြားခဲ့သည်။

သဘာဝဘေးအလွန် ပြန်လည် တည်ဆောက်ရေးအား အလေးထားလျက် ငလျင်ဒဏ် အဆိုးဝါးဆုံး ထိခိုက်ခဲ့ သည့်ခရိုင် ၁၄ ခုတွင် ဧပြီလ ၂၄ ရက်မှ ၂၆ ရက်အထိ အထူးအစီအစဉ်များဖြင့် အစိုးရက ဦးဆောင်ဦးရွက်ပြု ကာ ကျင်းပသွားမည် ဖြစ်သည်။

ဒုတိယ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အစိုးရ အဆင့်မြင့်အရာရှိများ၊ သံတမန် ကိုယ်စားလှယ်များ၊ လုံခြုံရေး အရာရှိများနှင့် ပြည်သူများ ပါဝင်လျက် သမိုင်းဝင် Dharahara တာဝါ ဥပစာတွင် အောက်မေ့ဖွယ် အစီအစဉ် ပြုလုပ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် အဆိုပါ သမိုင်းဝင် တာဝါမှာ လုံးဝနီးပါး ပြိုကျခဲ့ကာ ယင်းနေရာတွင် လူ ပေါင်း ၁၀၀ ကျော်လည်း သေဆုံးခဲ့သည်။ ထိုနေရာ၌ ပြည်သူရာပေါင်းများစွာစုဝေးရောက်ရှိလာကြပြီး ငလျင်ဒဏ်သင့် ပြည်သူများကို ရည်စူးကာ ဘောလုံး ၉ထောင်ကျော်ကိုလည်း ငလျင်လှုပ်ခတ်ခဲ့သည့်အချိန် အတိအကျဖြစ်သော မနက် ၁၁ နာရီ ၅၆ မိနစ်တွင် လွှတ်တင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.