Connect with us

Videos

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ယနေ့ ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ရုံး တွင် ယနေ့ ကျင်းပခဲ့ပြီး ပါတီဝင်များနှင့် နိုင်ငံတကာသံတမန်များ တက်ရောက်ကြသည်။

ထိုအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းကမြန်မာနိုင်ငံအတွက် အာဇာနည်နေ့သည် ဝမ်းနည်းစရာနေ့ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်ပေါ်သော အကြမ်းဖက်စနစ်ကို အစဉ်အမြဲဆန့်ကျင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

“နိုင်ငံအတွက် တိုင်းသူပြည်သားတွေအတွက် ဝမ်းနည်းရတဲ့နေ့တစ်နေ့ပါ ၊ ဝမ်းနည်းတယ်ဆိုတဲ့နေ့တစ်နေ့မို့ ဝမ်းနည်းနေလို့မပြီးပါဘူး၊ ဝမ်းနည်းခြင်းဖြစ်ပေါ်တဲ့အကြမ်းဖက်စနစ်ကို အစဉ်အမြဲဆန့်ကျင်သွားဖို့ လိုအပ်ပါတယ်၊ ဘယ်တော့မှ ဘယ်အခြေအနေမျိုးမှာမှ အခုလို လက်မခံဖို့ အားလုံး သန္နိဌာန်ချ ဆုံးဖြတ်ဖို့ အရေးကြီးတယ် ” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးဆိုင်ရာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ရက် နှစ်၇၀ မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ရုံးရှေ့ ၌အာဇာနည်ကြီးများအားပြည်သူအများက ဂါရဝပြု အလေးပြုခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန် ၁ဝနာရီ ၃၇ မိနစ်အချိန်၌ လမ်းမများတွင်သွားလာနေသော မော်တော်ယာဉ်များရပ်တန့်ကာ ဟွန်းတီးခြင်း၊ ပြည်သူများ ငြိမ်သက်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်များပြုလုပ်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.