Connect with us

Videos

ဘဂ္ဂဒက်တွင် အသေခံ ကားဗုံး ပေါက်ကွဲမှုကြောင့် ၁၂၆ ဦး သေဆုံး

ဘဂ္ဂဒက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် ဇူလိုင်လ ၃ ရက် နံနက် အစောပိုင်း က အသေခံ ဗုံးခွဲသမားတစ်ဦးသည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်ထားသော ထရပ်ကားဖြင့် ဈေးဝယ်စင်တာ တစ်ခု၏
အပြင်ဘက်ကို အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဇူလိုင်လ ၃ ရက်နေ့ အထိ ရရှိထားသော သတင်းများအရ သေဆုံးသူ ၁၂၆ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်းသိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးများနှင့် ကလေးများ အများစု ရှိနေသည့် သုံးထပ်တိုက် ဈေးဝယ်စင်တာ တစ်ခုလုံး ပျက်စီးခဲ့ သည့်အပြင် ၎င်း၏ အနီးအနားရှိ အဆောက်အဦ လေးလုံး မီးလောင်ကျွမ်းခဲ့ပြီး အခင်းဖြစ်ပွားရာရှိ အခြား ဈေးဆိုင်၊ ဈေးတန်းများနှင့် မော်တော်ယာဉ် များစွာလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။မိသားစုများနှင့် လူငယ်များစွာသည် ဘာသာရေးဆိုင်ရာ ဥပုသ်လ အပြီး ဇူလိုင်လ ၅ ရက် တွင် ပွဲတော် ဆင်နွှဲရန် အတွက် ဈေးဝယ်ထွက်နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဒဏ်ရာ ရရှိသူ အများစုသည် အခြေအနေ ပြင်းထန်သောကြောင့် သေဆုံးသူ ဦးရေ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.