Connect with us

Videos

ဘောပင်ဖြင့် ပန်းချီကားများ ရေးဆွဲဖန်တီးသူ

ဟူနန်၊ မေ (၁၁) ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် တွင် အနုပညာဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး ဖြစ်သည့် ရှုရှင်း ဆိုသူသည်၎င်းရေးဆွဲခဲ့သော ပန်းချီကားများ ကြောင့် လူသိများကျော်ကြားခဲ့သည်။ ထိုပန်းချီကားများ၏ ထူးခြားချက်မှာ ဘောပင် ဖြင့် ရေးဆွဲခြင်းပင်ဖြစ်သည်။ ပုံမှန် ပန်းချီတစ်ချပ်ကို ဘောပင်ဖြင့် ၄နာရီမှ ၅ နာရီကြာအထိ အချိန်ယူရေးဆွဲရပြီး ပုံကြီး တစ်ပုံအတွက် ရေးဆွဲမည်ဆိုပါက အချိန် ၁ လကျော်ယူရမည်ဟုသိရသည်။
“ဒါက ကျွန်တော်တို့ကျောင်းကန်တင်းပါ ။ ခပ်မှိန်မှိန်ဖြစ်အောင်ရေးဆွဲထားတာပါ။ ဘောပင်အမဲကိုပဲ သုံးပြီးရေးဆွဲထားတာပါ။ ”
ရှုရှင်းသည် ထိုသို့ဘောပင်ဖြင့် ပန်းချီရေးဆွဲခြင်းကို လွန်ခဲ့သည့် ၂ နှစ်ကတည်းက စတင်လေ့ကျင့် ခဲ့ခြင်းဖြစ်သည်။ သူ့အတွက် စိန်ခေါ်မှုကတော့ ဘောပင်မှင်က မှင်လုံးသေးတာကြောင့် ဆီဆေးရေးဆွဲသည့် ပုံစံမျိုး ရေးဆွဲနိုင်ခြင်း မရှိတာပါဘဲ။ သူသည် ဘောပင်ဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုအနုပညာလက်ရာများ နှင့် အနောက်တိုင်းဆီဆေးလက်ရာများကို အသစ်တီထွင်ရေးဆွဲခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.