Videos
မက္ကဆီကို၌ မီးရှူးမီးပန်း ဈေး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၌ ဒီဇင်ဘာလ ၂ဝ ရက်က မီးရှူးမီးပန်း ရောင်းချသော ဈေးကြီး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရကြောင်း အခြား လူပေါင်း ၆ဝ ကျော်မှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ သိရသည်။
ဒီဇင်ဘာလ ၂ဝရက်က ဖြစ်ပွားခဲ့သော မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော် နှင့် နီးကပ်စွာတည်ရှိနေသည့် Tultepec မြိ့ရှိ San Pablito မီးရှူးမီးပန်းဈေး မီးလောင်ပေါက်ကွဲမှုတွင် မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေမှာ ထပ်မံမြင့်တက်နိုင်ကြောင်း ၊နိုင်ငံအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးများ သွားရောက်လုပ်ဆောင်နေကြောင်း သိရသည်။
ဈေးမီးလောင်ပေါက်ကွဲမှုဖြစ်ပွားစဉ် မီးခိုးတန်းများသည် ကောင်ကင်ပြင်တစ်ခုလုံးသို့ ပြန့်ကျဲ ဖုံးလွှမ်းသွားသည့် ပုံရိပ်များကို လူမှုကွန်ရက်စာမျက်နှာများ နှင့် သတင်းစာမျက်နှာများပေါ်တွင် ဖော်ပြခဲ့ကြသည်။ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများကို နီးစပ်ရာဆေးရုံအသီးသီးသို့ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။(Xinhua)