Videos
မောင်းသူမဲ့ အငှားယာဉ်ပျံ ခရီးစဉ်အတွက် စမ်းသပ်ပျံသန်း
ကန်းစု၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တွင် မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေး drone ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် EHang ကုမ္ပဏီက အငှားယာဉ်ပျံ ဝန်ဆောင်မှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ် လန်ကျိုးမြို့၌ စမ်းသပ်ပျံသန်းခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ ၏ အထင်ကရ ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိသည့် Danxia ဒေသတွင် ခရီးစဉ်ပေါင်း ၂၁၆ ခေါက် တိတိ မောင်းနှင်ပျံသန်းခဲ့ပြီးဖြစ်သည်။ EHang ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ခရီးသည်များစွာကို သယ်ဆောင်နိုင်သည့် ယာဉ်ပျံအမျိုးအစား drone များစွာကို ထုတ်လုပ်သည့် တရုတ် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီက ရှုမျှော်ခင်းများအား ကြည့်ရှုခံစားလိုသူများအတွက် အသုံးပြုနိုင်သည့် ခရီးစဉ်တစ်ခုအဖြစ် ယာဉ်ပျံခရီးစဉ် ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)