Videos
မျက်လုံး လှုပ်ရှားမှုဖြင့် ကွန်ပြူတာအား ထိန်းချုပ်နိုင်သည့် နည်းပညာသစ် ကို စပိန် တီထွင်ဖန်တီးခဲ့
စပိန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံမြောက်ပိုင်း San Sebastian ပြည်နယ် အခြေစိုက် အိုင်ယာလန်နိုင်ငံ ဖက်စပ် စပိန်ကုမ္ပဏီတစ်ခု သည် မျက်လုံးလှုပ်ရှားမှုကို အာရုံခံ၍ ကွန်ပြူတာ၏ မောက်စ် (mouse) ကို ထိန်းချုပ်ခြင်း နှင့် စာရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည့် နည်းပညာသစ်တစ်ခုကို တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။ယင်းနည်းပညာသစ်အား ကျန်းမာရေးမကောင်းသူများ နှင့် မသန်စွမ်းများအတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျက်လုံးဖြင့် ထိန်းချုပ်နိုင်သည့် ဆော့ဖ်ဝဲလ် (software) ထည့်သွင်းထားသော ထောင့်မှန်စတုဂံပုံ စက်ပစ္စည်းအား ကွန်ပြူတာဖြင့် ချိတ်ဆက်ကာ အသုံးပြုသူများအနေဖြင့် စာပို့ခြင်း၊ မိသားစုမိတ်ဆွေများ နှင့် ဆက်သွယ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ လုပ်ဆောင်ချက်အနေဖြင့် ကွန်ပြူတာ ဖန်သားပြင်ပေါ်ရှိ ကီးဘုတ် (Keyword) တစ်ခု ပေါ်မှ စာလုံးများအား မျက်လုံးလှုပ်ရှားမှုကို အာရုံခံ ဆော့ဖ်ဝဲလ် (software)ဖြင့် ရွေးချယ် နိုင်ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါနည်းပညာအား အသုံးပြုနေသူ ဦးရေ ၇၀၀ ရှိပြီးဖြစ်ပြီး အနာဂါတ်တွင် လူပေါင်း တစ်သန်းခန့် အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)