Connect with us

Videos

မြန်မာကျောင်းသား/သူ ၁၀၀ ကျော်ကို တရုတ်နိုင်ငံ ပညာတော်သင် စေလွှတ်

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်မည့် မြန်မာ နိုင်ငံ ကျောင်းသား/သူ များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနား ကို သြဂုတ်လ ၃၀ ရက်နေ့ က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံး တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ သံရုံး အနေဖြင့်လည်း ၂၀၁၆ ခုနှစ် မှ စတင်၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု/ပညာသင်ထောက်ပံ့ရေးဆု” ကို ထူထောင်ခဲ့ပြီး ထောက်ပံ့ကူညီပေးခဲ့ကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် ပညာသင်ယူပြီးနောက်ကဏ္ဍအသီးသီး တွင် အရေးပါသည့် တာဝန်များ ထမ်းဆောင်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနိုင်ရန် ဆုမွန်ကောင်းတောင်းကြောင်း ၊ အနာဂတ် တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ ဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး တို့တွင် ပေါင်းကူးတံတားသဖွယ် ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်ကြီး ဦးကျော်ကျော်ခေါင် က တရုတ် နိုင်ငံ မှ ယခု ကဲ့သို့ ပညာတော်သင် များစေလွှတ်ရန် ကူညီဆောင်ရွက်ပေးမှု သည် အလွန်အရေးပါသည့် ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ များသည် အနာဂတ်တွင် မြန်မာ နိုင်ငံ ၏ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာသူများ ဖြစ်လာမည် ဖြစ်ကြောင်း ၊ ပညာတော်သင် စေလွှတ်ရန် အတွက် အဘက်ဘက် မှ ကူညီဆောင်ရွက်ပေးခဲ့သူများ အားလုံးအား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ်မြန်မာချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ တွင် ပညာသင်ကြားနေစဉ် အတွင်း လိုက်နာရမည့် အချက်အလက်များ နှင့် ဂရုပြုရမည့် အချက်များ ကို သတိပြုရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် ပညာတော်သင်ဆုရရှိ သည့် ကျောင်းသား/သူ များ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်မှူး ဒေါ်ပွင့်ကေခိုင် က ပညာတော်သင်ဆုရရှိသည့် ကျောင်းသား/သူ များကိုယ်စား ယခုကဲ့သို့ ကြီးမားသည့် အခွင့်အရေး ကို ဖန်တီးပေးခဲ့သော တရုတ် နိုင်ငံ အစိုးရ အား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

ယခုအကြိမ် တွင် မြန်မာ နိုင်ငံ မှ ကျောင်းသား/သူ ပေါင်း ၁၀၃ ဦး သည် တရုတ် နိုင်ငံ သို့ ပညာတော်သင်ရန် ရွေးချယ်ခြင်း ခံခဲ့ရပြီး ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ ကျဲ့ကျန်း တက္ကသိုလ် ၊ ဝူဟန့် တက္ကသိုလ် ၊ ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ် နှင့် ပေကျင်းဆရာအတတ်သင် တက္ကသိုလ် တို့တွင် သွားရောက်ပညာ သင်ကြားကြရမည်ဖြစ် ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.