Connect with us

Videos

မြန်မာနိုင်ငံ မှ တက္ကသိုလ် ကျောင်းသား/သူ ၆ဝဝ အား ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA)မှ ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ခြင်းစီမံကိန်း အရ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် နှင့် ဒဂုံ တက္ကသိုလ် တို့မှ ကျောင်းသား/သူ ၆၀၀ အား ပညာသင်နှစ် ၄ နှစ်တာ အတွက် ပညာသင် စရိတ်များအဖြစ် တစ်ဦးကို တစ်နှစ်လျှင် ၃ သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား သြဂုတ် ၅ ရက်တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူးကြီး မစ္စတာ ချန်းချန်က လူငယ်များသည် အနာဂတ် ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး၏ မျှော်လင့်ချက် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအခမ်းအနားတွင် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA) မြန်မာ ကိုယ်စားလှယ်ရုံး ကို လည်း ဖွင့်လှစ်ခဲ့ရာ (CFPA) ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Mr.Wang Xingzui က တရုတ် နှင့် မြန်မာ သည် ရေမြေ ဆက်စပ်နေသည့် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ သည် လည်း ဆွေမျိုးပေါက်ဖော်ဟု အချင်းချင်း ခေါ်ဝေါ်ကြခြင်းကြောင့် ယခုပညာသင်စရိတ် အစီအစဉ်ကို ပေါက်ဖော် ပညာသင် စရိတ်ဟု အမည်တွင်ရ ခြင်း ဖြစ်ကြောင်း စသဖြင့်ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA)သည် လူသားချင်း စာနာ အကူအညီပေးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးသော အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.