Connect with us

Videos

မြို့ကြီးသုံးမြို့တွင် အမေရိကန် ဒေါ်လာ ၂၄၄ သန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည့် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ဖမ်းဆီးရမိခဲ့သည့် အမေရိကန် ဒေါ်လာ ၂၄၄ သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့တွင် မီးရှှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ယခုနှစ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသော အရေအတွက်သည် ယခင်နှစ်ထက် ပိုမိုများပြားခဲ့ပြီး ဘိန်း၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးအမျိုးမျိုးနှင့် အခြားမူးယစ်ဆေးများကို မီးရှှို့ဖျက်ဆီးခဲ့ကြပါတယ်။

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နေပြည်တော် MICC-2 တွင် ယနေ့ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားတွင် ဒုတိယ သမ္မတမှ မိန့်ခွန်းပြောကြားရာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု လျော့ကျစေရန် နိုင်ငံတကာ အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန် နိုင်ငံ၊ သြစတြေးလျနိုင်ငံတို့နှင့်လည်း ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနှင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ် လျော့ကျစေရန်နှင့် ဘိန်းစိုက် တောင်သူများ၏ အစားထိုးဝင်ငွေရ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက်လည်း လူထုလှုပ်ရှားမှု အသွင်ဖြင့် ယခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်ကို ဇုန်(၃) ဇုန်ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်း၊ ပင်လုံနှင့် လွိုင်လင်မြို့နယ်များတွင် ၂၀၁၅ ခုနှစ် မေလ ၂၆ ရက်မှ ဇွန်လ ၂၆ ရက်ထိ ဆောင်ရွက်လျှက်ရှိကြောင်းလည်းသိရပါတယ်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.