Videos
ရေကြီးမှုများ၊ မြေပြိုမှုများကြောင့် ပိတ်မိနေသည့် ဒေသခံများအား ဟယ်လီကော်ပတာဖြင့်ကယ်ဆယ်
ကန်းစု၊ ဩဂုတ် ၂၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ဝမ်ရှန်းကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဒေသခံများမှာ နေအိမ်များကိုစွန့်ခွါခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ကြရသည်။ သို့ရာတွင် ရှီကျီးပါးမြို့နယ်တွင် နေထိုင်သည့် ဒေသခံ ၄၈ ဦးမှာ အလျင်အမြန်ရေလွှမ်းမိုးမှုများ ကြောင့် ဘေးလွတ်ရာသို့ရှောင်ချိန်မရဘဲ မိမိတို့၏ အိမ်ခေါင်မိုးများပေါ်တွင် ပိတ်မိနေခဲ့ကြသည်။ ထို့ကြောင့် ဒေသအာဏာပိုင်များက ပိတ်မိနေသည့်ပြည်သူများထံသို့ ဟယ်လီကော်ပတာစေလွှတ်ကာ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။ (Xinhua)