Videos
လေယာဉ်မပျက်ကျမီ စက္ကန့် ၃၀ အလို ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်ခဲ့သည့် လေယာဉ်မှူး
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်လေယာဉ်မှူးတစ်ဦးမောင်းနှင်လာသော လေယာဉ်သည် ငှက်တစ်ကောင်နှင့်တိုက်မိပြီးနောက် အင်ဂျင်စက်ပိုင်းချို့ယွင်းကာ ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးသည် ၎င်းလေယာဉ်ကို လူနေအိမ်များနှင့် ကင်းလွတ်ရာသို့ မောင်းနှင်၍ အောင်မြင်စွာ ဆင်းသက်မှု ပြုလုပ်နိုင်ခဲ့သည်။ အဆိုပါ လေယာဉ်မပျက်ကျမီ ၃၇ စက္ကန့်အလို အနေအထားကို လေယာဉ်မောင်းနှင်မှုမှတ်တမ်း(blackbox ) ကမှတ်တမ်းတင်ထားခဲ့သည်။ ယခု ရုပ်သံဗီဒီယိုဖိုင်သည် လေယာဉ်မပျက်ကျမီ စက္ကန့် ၃၀ ကျော်အလိုတွင် မှန်ကန်သည့်ဆုံးဖြတ်ချက်ချနိုင်ခဲ့သော လေယာဉ်မှူး၏ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ထားသည့် video ဖြစ်ပါသည်။ (Xinhua)