Videos
လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကြီးကို ပြုပြင်ထိန်းသိမ်း
ချုံကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းမြူနီစပါယ် ဒေသရှိ ၃၁ မီတာအရှည်ရှိသော လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီး ပြုပြင်ရေးလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိသည်။ အဆိုပါ လျောင်းတော်မူ ရုပ်ပွားတော်ကြီးမှာ ရာသီဥတု ဒါဏ်ကြောင့် ပျက်စီးမှု များစွာရှိခဲ့ပြီး ရုပ်ပွားတော်တွင် လိမ်းသုတ်ထားသည့် ဆေးများကလည်းကွာကျလျက်ရှိသည်။ ရုပ်ပွားတော်တစ်ခုလုံးအား ပြန်လည်ပြုပြင်ရန်အတွက် အလုပ်သမားများမှာ ရုပ်ပွားတော်မှ ရေယိုစိမ့်မှှုရှိသည့်နေရာများကို ပထမဆုံးပြုပြင်ထိန်းသိမ်းရသည်။ အလုပ်သမားများက 3D scanner များကိုလည်းအသုံးပြုကာ ပျက်စီးမှုရှိသည့် အပိုင်းများကို ရှာဖွေကြခြင်းဖြစ်သည်။ ထိုသို့ပြုပြင်ရေး လုပ်ငန်းမှာ ၈ နှစ်ခန့် အချိန်ယူရမည်ဟုသိရသည်။ ထိုလျောင်းတော်မူရုပ်ပွားတော်ကြီးမှာ ကမ္ဘာ့အမွေအနှစ်ဒေသရှိ Dazu ကျောက်သားပန်းပု ရုပ်တုများထဲတွင် အကြီးဆုံး ရုပ်ပွားတော်ကြီးတစ်ခုလည်းဖြစ်သည်။ အဆိုပါ ဒေသ တွင် အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ထားသော ရုပ်တုပေါင်း ၅ဝဝဝဝ ကျော်တည်ရှိသည်။ (Xinhua)