Videos
အထွေထွေ ရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည်
ရန်ကုန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲများတွင် လွှတ်တော် အသီးသီးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်းကို ဇူလိုင်လ (၂၀) ရက်မှ သြဂုတ်လ (၈) ရက်နေ့ အတွင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံရေး ပါတီ အသီးသီးမှလည်း ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတည်ပြု ရွေးချယ်ခြင်းများ ပြုလုပ်နေသကဲ့သို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်လည်း နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင် ၊ မပြိုင်ကို ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်းသိရပါတယ်။ (Xinhua)