Connect with us

Videos

အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ စီတန်းလှည့်လည်သည့် မြင်ကွင်း

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ၄၅ ဆက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၀ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားအား Pennsylvania ရိပ်သာလမ်းပေါ်၌ စတင် ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းပေါင်း ၄၀ ကို ကိုယ်စားပြုထားသည့် လူပေါင်း ၈၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကက်ပီတို ( Capitol) အဆောက်အအုံ၌ ဇန်နဝါရီလ ၂ဝ ရက်တွင် အမေရိကန်နိုင်ငံ၏ ၄၅ ဆက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် အဓိက နိုင်ငံရေးပါတီများက အစောပိုင်းက ထောက်ခံအားပေးခဲ့ကြပြီး ၂ဝ၁၅ ခုနှစ် ဇွန်လတွင် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ၎င်းက ထုတ်ဖော် ကြေညာခဲ့သည်။ ထရမ့်သည် ယခင်က အစိုးရတာဝန် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးခြင်းမရှိပေ။ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ ကြွေးကြော်သံ မှာ“ Make America Great Again” ဖြစ်ပြီး အမျိုးသားလုံခြုံရေး နှင့် အမေရိကန်ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များဖန်တီးပေးမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်-မက္ကဆီကို နယ်စပ်ကို တံတိုင်းကာရံပြီး တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများကို ဟန့်တားသွားမည်ဟု ဆိုထားသည်။

ပြီးခဲ့သော နိုဝင်ဘာလက ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်အား အနိုင်ရပြီးချိန်တွင် ဒေါ်နယ်ထရမ့်က စီးပွားရေးလုပ်ငန်းရှင်များ နှင့် စစ်ပြန်ဟောင်းများကို အစိုးရအဖွဲ့ဝင်များအဖြစ်အမည်စာရင်းတင်သွင်းခဲ့ခြင်း ကြောင့် မေးခွန်းထုတ်ခံခဲ့ရသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.