Videos
၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံအား မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပ
ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ကမ္ဘာ အရပ်ရပ်မှ တရုတ် ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံအား မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် အဖြစ် စက်တင်ဘာ ၁၆ ရက် က ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဖွင့်ပွဲအခမ်းအနားအားစတင် ကျင်းပခဲ့သည်။ ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံတွင် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းစဉ်သစ်များဖော်ထုတ်ကာဒေသအသီးသီး နှင့် လိုက်လျောညီထွေ လက်တွေ့ကျမည့် စီးပွားရေးမဟာဗျူဟာများကိုညှိနှိုင်းတိုင်ပင် ချမှတ်သွားမည်ဖြစ် ပြီး ကမ္ဘာ့ တရုတ် ကုန်သည်များညီလာခံ ကျင်းပရခြင်း၏ ရည်ရွယ်ချက် မှာပြောင်းလဲလာသောကမ္ဘာ့စီးပွားရေး နှင့် ကိုက်ညီရန် ဒေသ စီးပွားရေးတိုးတက်ရေးကို တွန်းအားပေးစေလိုခြင်း ဖြစ်ပြီး နိုင်ငံတကာ မှ တရုတ် လူမျိုးကုန်သည်များ အကြားပူးပေါင်းဆောင်ရွက်ရန် အတွက် ပေါင်းကူးတံတား ဖြစ်စေခဲ့ကြောင်းသိရသည်။ ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံ သို့ ကမ္ဘာ့ အရပ်ရပ်မှ တရုတ်ကုန်သည်လုပ်ငန်းရှင် ၃၀၀၀ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။(Xinhua)