Videos
၁၅ ထပ်မြင့်အဆောက်အဦနှင့်ညီမျှသည့် စက်လှေခါးကြီးတစ်စင်းကို မြန်နှုန်းမြင့်ရထားဘူတာတွင်တပ်ဆင်ရန် ထုတ်လုပ်
ဟန်ကျိုး၊စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် မြန်နှုန်းမြင့်ရထားဘူတာတစ်ခု၌ တပ်ဆင်ရန် အမြင့်ဆုံး စက်လှေခါးကြီး တစ်စင်း ကို ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ ၎င်းစက်လှေခါးကြီးမှာ မီတာ ၁ဝဝ အရှည်ရှိပြီး ၄၂ မီတာအမြင့်ကို သယ်ဆောင်နိုင်သည်။ ၁၅ ထပ်မြင့်အဆောက်အဦနှင့်ညီမျှသည့် အမြင့်ရှိသည့် ၎င်းစက်လှေခါးကြီးကို မဟာတံတိုင်း၏ အောက်ခြေတွင်ရှိသည့် ပေကျင်း Badaling မြန်နှုန်းမြင့်ရထားဘူတာရုံ တွင် တပ်ဆင်မည်ဖြစ်ကြောင်းသိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးပြီးစီးပါက ၎င်း ဘူတာရုံသည့် ကမ္ဘာပေါ်တွင် မတ်စောက်မှုအရှိဆုံး ဘူတာရုံတစ်ခုဖြစ်လာမည်ဟုသိရသည်။(Xinhua)