Videos
၂ဝ၁၆ အပြည်ပြည်ဆိုင်ရာ စစ်ဘက်နည်းပညာဆိုင်ရာယှဉ်ပြိုင်ခြင်း
ရုရှား၊ သြဂုတ် ၁ဝ ရက် (ဆင်ဟွာ)
အိုလံပစ် ပြိုင်ပွဲကဲ့သို့ပင် ကမ္ဘာ့နိုင်ငံများမှ တပ်မတော်များသည် အခြားနိုင်ငံများမှ တပ်မတော်များနှင့် ယှဉ်ပြိုင်ရန် စစ်ဘက်နည်းပညာဆိုင်ရာပြိုင်ပွဲတစ်ရပ်ကို ရုရှားနိုင်ငံတွင်ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ မှ စစ်သည်ပေါင်း ၃ထောင်ကျော်က စည်းကမ်းအမျိုးမျိုး နှင့် တင့်ကား ပြိုင်ပွဲများ၊ လေကြောင်း အတတ်စွမ်းအင်ပြပွဲများနှင့် ကတ်စ်ပီယန် ပင်လယ်ပြင်တွင် ရေပြင်စစ်ရေး ကျွမ်းကျင်မှု တို့ကိုယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ယခုနှစ် ပွဲတော် ကို ရုရှားနိုင်ငံတစ်ဝန်းရှိ နေရာစုံတို့တွင်ကျင်းပခြင်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံတွင် လည်း ပထမဆုံးအကြိမ်အဖြစ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲကို သြဂုတ်လ ၁၃ ရက် အထိ ဆက်လက်ကျင်းပ မည်ဟုသိရသည်။ (Xinhua)