Connect with us

Videos

ကမ္ဘာပေါ်တွင် ၇ ခု မြောက် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီး၏ ပင်မရေကာတာကိုယ်ထည် တည်ဆောက်ပြီးစီး

ယူနန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျင်းရှမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ဝူတုန်းတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွင် ကမ္ဘာ့ပထမဆုံး မီတာ ၃၀၀ ရှိ အပူချိန်အနိမ့်ဆုံးအမိုးခုံး ကွန်ကရစ် ရေကာတာ၏ ပင်မကိုယ်ထည် တည်ဆောက်မှု ပြီးစီးသွားဖြစ်ကြောင်းသိရသည်။

ဝူတုန်းတဲ့ ရေအားလျှပ်စစ်စီမံကိန်းသည်  တရုတ် နိုင်ငံ၏ ၄ ခုမြောက် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် ၇ ခုမြောက်  အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။ ရေအားလျှပ်စစ် စတင်မည့် စုစုပေါင်းစွမ်းအင်ပမာဏသည် ကီလိုဝပ် ၁၀.၂ သန်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ပထမဆုံးယူနစ်များကို စတင်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

၎င်းရေအားလျှပ်စစ်စီမံကိန်းသည် ယန်စီမြစ်ဝှမ်းတစ်လျှောက် စီးပွားရေးလမ်းကြောင်း အဆင့်မြင့်ဖွံ့ဖြိုး တိုးတက်မှုများ မြှင့်တင်ပေးမည့် ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုလည်းဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.