Connect with us

Videos

မြောက်ကိုရီးယားနိုင်ငံ က တောင်-မြောက် ပူးတွဲ ဆက်ဆံရေးရုံး ဖျက်ဆီးခဲ့သည့်ရုပ်သံဖိုင်

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ က Kaesong စက်မှုဇုန်အတွင်းဆောက်လုပ်ထားသည့် တောင်-မြောက် ပူးတွဲ ဆက်ဆံရေးရုံးကို အလုံးစုံဖျက်ဆီး ပစ်လိုက်ပြီဖြစ်ကြောင်း KCNA သတင်းဌာနက ဇွန် ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းဖောက်ခွဲဖျက်ဆီးမှုသည် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးသွားခဲ့ကြသူများက နယ်စပ်ကို ဖြတ်၍ မြောက်ကိုရီးယားနိုင်ငံအား ဆန့်ကျင်ရေး စာရွက်များ ကျဲချခဲ့မှုအပေါ် မြောက်ကိုရီးယားနိုင်ငံဘက်က ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် သုံးရက်အကြာတွင် ယခုကဲ့သို့ နှစ်နိုင်ငံပူးတွဲဆက်ဆံရေးရုံးကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆက်ဆံရေးရုံးကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းရုံးသည် ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် တို့အကြား ပထမဆုံးအကြိမ်ထိပ်သီးအစည်းအဝေးအတွင်း နှစ်ဖက်အကြားလက်မှတ်ရေးထိုးခဲ့သည့် ပန်မွန်ဂျုံးကြေညာချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ 

မြောက်ကိုရီးယားနိုင်ငံ(DPRK) က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယခင်-စစ်မဲ့ဇုန် (Kaesong စက်မှုဇုန်) နှင့် Kumgang တောင်တန်းဒေသများတွင် မကြာမီကာလအတွင်း တပ်ချထားမည်ဖြစ်ကြောင်း ယနေ့ ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.