Connect with us

Videos

ကမ္ဘာ့အကြီးဆုံးငလျင်အန္တရာယ်ကြိုတင်အသိပေးကွန်ရက်စနစ် တရုတ်နိုင်ငံတွင်တည်ဆောက်

စီချွမ်၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ် ရှိ ချန်ဒူးအခြေစိုက် Institute of Care alive စင်တာတွင် ငလျင်အန္တရာယ်ကြိုတင်အသိပေးကွန်ရက်စနစ် ကို တည်ထောင်ခဲ့သည်။၂ဝဝ၈ ခုနှစ်က တရုတ်နိုင်ငံတွင် ဝမ်ချွမ်းငလျင် ပြင်းထန်စွာလှုပ်ခတ်မှုကြောင့် လူပေါင်း ၈ဝဝဝဝ သေဆုံး ခဲ့ပြီး ၂ နှစ်အကြာတွင် ငလျင် ဘေးအန ္တရာယ်ကို ကြိုတင်အသိပေးနိုင်သည့် ကွန်ရက်စနစ်ကိုတီထွင်နိုင်ရန် ဒါရိုက်တာဝမ်ထွန်းမှ ဆောင်ရွက်ခဲ့သည်။ ငလျင်မလှုပ်ခင် စက္ကန့်ပိုင်းအလို အထိ ခန့်မှန်းနိုင်မည်ဆိုပါက အပျက်အစီး အသေအပျောက်များကို တတ်နိုင်သမျှလျှော့ချသွားနိုင်မည်ဖြစ်သည်။ ထိုကုမ္ပဏီသည် ၆ နှစ်အတွင်း တရုတ်နိုင်ငံ ၏ စတုရန်းကီလိုမီတာ 2.2 သန်းအထိ ငလျင်အန္တရာယ်ကြိုတင် အသိပေးချက်များကို ထုတ်ပြန်ပေးခဲ့ပြီး ကမ္ဘာ့အကြီးဆုံးငလျင် သတိပေးချက် ထုတ်ပြန်မှုဖြစ်လာသည်။ ပြီးခဲ့သည့်လက နီပေါနိုင်ငံတွင် ငလျင်အန္တရာယ်ကြိုတင်အသိပေးကွန်ရက်စနစ်တည်ထောင်ရန်အတွက် အကူအညီပေးခဲ့ပြီး နိုင်ငံ၏ ၃ ပုံ ၁ပုံ တွင် ဖြန့်ကျက်အသိပေးချက်ထုတ်ပြန်နိုင်မည်ဖြစ်သည်။ လေ့လာမှုများအရ နေရာတစ်ခုတွင် ငလျင်မလှုပ်ခင် ၃ စက္ကန့်အလို၌ ကြိုတင်သိရှိမည်ဆိုပါက အပျက်အစီးမှာ ၁၄ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်မည်ဖြစ်ပြီး ငလျင်မလှုပ်ခင် ၁ဝ စက္ကန့်အလိုတွင် ကြိုတင်သိရှိမည်ဆိုပါက အပျက်အစီး ၃၉ ရာခိုင်နှုန်း အထိ လျှော့ချနိုင်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.