Connect with us

Videos

ကမ္ဘာ့အကြီးဆုံးအနီရောင်မြကျောက်ကြီးကို တရုတ်နိုင်ငံတွင် ပြသထား

ချန်ကျိုး၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ကျိုးရှိ တွင်းထွက်ကျောက်မျက်ရတနာပြပွဲတွင် ကမ္ဘာ့အကြီးဆုံးအနီရောင်မြကျောက်ကြီးကို ပြသထားသည်။ အလေးချိန်အားဖြင့် ၆၇ ကီလိုဂရမ် ရှိပြီး ထုထည်အမြင့်မှာ ၈၅ စင်တီမီတာရှိသည်ဟုသိရသည်။ အဆိုပါ မြကျောက်တုံးကြီးကို ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝ ကတည်းက တူးဖော်တွေ့ရှိထားခြင်းဖြစ်ပြီး တူးဖော်ခဲ့သည့်အချိန်မှစ၍ ယနေ့ထက်တိုင်မည်သည့် နေရာတွင်မျှပြသထားခြင်းမရှိဘဲ ယခုအခါ ပထမဆုံး အကြိမ်အဖြစ် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ထိုအနီရောင်မြကျောက်ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး အနီရောင်မြကျောက်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.