Connect with us

Videos

ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်ကူးတံတားတည်ဆောက်ပြီးစီးတော့မည်

ဟောင်ကောင်၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်ကူးတံတားကိုဇူလိုင်လတွင်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ တံတားမှာ ဟောင်ကောင်၊ ကျူးဟိုင်နှင့်မကာအိုတို့ကိုသွယ်တန်းချိတ်ဆက်မည်ဖြစ်သည်။ တံတား၏ စုစုပေါင်းအရှည်မှာ ၅၅ ကီလိုမီတာရှိပြီး တံတားအရှည် ၂၂.၉ ကီလိုမီတာနှင့် ဥမင်လှိုဏ်ခေါင်းအရှည် ၆.၇ ကီလိုမီတာတို့ပါဝင်မည်ဖြစ်သည်။ တံတားကို ခေတ်မီ နည်းပညာရပ်များစွာနှင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထိုတံတားမှာ Lingding သမုဒ္ဒရာကို ဖြတ်သန်းထားခြင်းဖြစ်ပြီး Y ပုံသဏ္ဍာန်တည်ဆောက်ထားကာ ယခုနှစ်ကုန်ပိုင်းတွင်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ထို တံတားပြီးစီးပါက ဟောင်ကောင်နှင့်ကျူးဟိုင် ကြားယခင်ခရီးသွားကြာချိန် ၃ နာရီအား မိနစ် ၃ဝ အထိလျော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.