Connect with us

Videos

ကမ္ဘာ့ပထမဆုံးသံလမ်းမဲ့ရထားစမ်းသပ်ပြေးဆွဲ

ဟူနန်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟူနန်ပြည်နယ် ရှိစူးကျိုးမြို့တွင် လူထူထပ်သည့် လမ်းများပေါ်၌ပင် ကမ္ဘာ့ပထမဆုံးစမတ်ရထားကို စမ်းသပ်ပြေးဆွဲခဲ့ကြောင်းသိရသည်။ ခေတ်မီနည်းပညာမြင့်သံလမ်းမဲ့ရထား ဖြစ်ပြီး စုစုပေါင်း ၃၂ မီတာအရှည် ရှိသည့် တွဲ ၃ တွဲ ပါဝင်ကာ လူ ၃ဝဝ ကို တင်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ဘူတာ ၄ ခု အကွာအဝေး ၃.၁ ကီလိုမီတာကို ပြေးဆွဲနိုင်မည်ဖြစ်သည်။ ဆင်ဆာစနစ်တပ်ဆင်ထားသောကြောင့် ထိုရထားမှာ လမ်း၏အတိုင်းအတာကို အာရုံခံနိုင်သည်။ အမြန်နှုန်းအနေဖြင့် တစ်နာရီလျင်၇ဝ ကီလိုမီတာအထိပြေးဆွဲနိုင်ပြီးCRRC စူးကျိုး ရထားထုတ်လုပ်ရေးက ဖန်တီးထုတ်လုပ်ခြင်းဖြစ်သည်။ လာမည့်နှစ်တွင်ပုံမှန်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.