Videos
ကုန်းရေ နှစ်မျိုးသွားလေယာဉ်ကို ရှန်ဟိုင်းမှ စူးကျိုးသို့ ပျံသန်းမောင်းနှင်
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှု ဒေသ ရှိ lingang လေကြောင်းပျံသန်းရေး စခန်းတွင် “SKYWAVE” ဟု အမည်ပေးထားသည့် ကုန်းရေ နှစ်မျိုးသွားလေယာဉ်ကို အောက်တိုဘာ ၂၃ ရက်က စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းလေယာဉ်ကို ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှု ဒေသ မှ ၁၂၀ ကီလိုမီတာအကွာ စူးကျိုးမြို့ ရေကြောင်းဆိပ်ကမ်းသို့ အချိန်၁နာရီကြာ မောင်းနှင်ခဲ့သည်။
လေယာဉ်မှာ အဆင့်မြင့် ကာဘွန်ကိုယ်ထည်ကိုအသုံးပြုထားသောကြောင့် ပေါ့ပါးသည့် အလေးချိန်ရှိပြီး မြင်းကောင်ရေ ၁၀၀ အားရှိသည့် အင်ဂျင်တပ်ဆင်ထားသည်။ “SKYWAVE” လေယာဉ်များကို ခရီးတိုသွားလာရန် ရေပြင်နှင့် ကုန်းမြေပေါ်သို့ ဆင်းသက်ရပ်နားနိုင်ရန် အထူးတီထွင်ထုတ်လုပ်ထားသည်ဟုသိရသည်။ (Xinhua)