Connect with us

Videos

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တရုတ်နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာနှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းမှလည်း နှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွှဲရန် အထူးစိတ်အားထက်သန်လျက်ရှိသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လည်း တရုတ်နိုင်ငံ ၏ နှစ်သစ်ကူးအတွက် ဆုတောင်းစကားပြောကြား ရာတွင် မကြာမီ ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူး တွင် တရုတ်နိုင်ငံသားများ အားလုံး ပျော်ရွှင်စရာကောင်းသော နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

ထို့အတူ ဂါနာနိုင်ငံ ဂါနာတက္ကသိုလ်ရှိ ကွန်ဖျူးရှပ်ကျောင်းတွင်လည်း တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

နိုက်ဂျီးရီးယား ရှိ တရုတ် ယဉ်ကျေးမှုစင်တာတွင်လည်း အနုပညာပြိုင်ပွဲ ကျင်းပပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ကျရောက်မည့် နှစ်သစ်ကူး ပွဲတော်ကို ကြို ဆို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံမှ မသန်စွမ်းအနုပညာရှင်များဖြင့် ဖွဲ့စည်းထားသော My Dream အက အဖွဲ့သည် မက္ကဆီကို စီးတီးရှိ Esperanza Iris တွင် ဖေဖော်ဝါရီလ (၄) ရက်နေ့ က ပရိသတ်များ ကို ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ My Dream အဖွဲ့သည် အကြားအာရုံမသန်စွမ်းသူများနှင့် ပါဝင် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပရိသတ်အခိုင်အမာ ရရှိထားသော အဖွဲ့ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.