Connect with us

Videos

ကျတ်တီးမြေ ကို မြေဆီလွှာအဖြစ်ပြောင်းလဲနိုင်သည့် နည်းလမ်း ကို ရှာဖွေတွေ့ရှိ

ချုံကျင်း၊သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံကျင်းတွင် သိပ္ပံပညာရှင်များက ကျတ်တီးမြေ ကို မြေဆီလွှာအဖြစ်ပြောင်းလဲနိုင်သည့် နည်းလမ်းတစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အပင်များတွင်ပါဝင်သည့် cellulose ဓါတ် ပေါင်း ရောစပ်ထားသည့် အရည်တစ်မျိုးကို ကျတ်တီးမြေသို့ ထည့်သွင်းကာ သီးပင်စားပင်များစိုက်ပျိုးနိုင်သည့် ရေဓါတ်၊ အဟာရဓါတ်နှင့် လေဓါတ် ရရှိနိုင်မည့် မြေဆီလွှာအဖြစ်ပြောင်းလဲခြင်းဖြစ်သည်။ သိပ္ပံပညာရှင်များ တီထွင်ထားသည့် အဆိုပါအရည်မှာ အဆိပ်အတောက်လုံးဝ မဖြစ်စေဘဲ သဘာဝ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေဖြစ်စေသည့်အပြင် ဈေးနှုန်းချိုသာပြီး ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ချိရန် သင့်တော်ကြောင်း သိရသည်။ ထိုနည်းပညာဖြင့် တရုတ်နိုင်ငံ အတွင်း မိုဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Ulan Buh သဲကန္တာရ ဒေသတွင် ကောက်ပဲသီးနှံများ၊ မြက်ပင်များ၊ သစ်ပင်များနှင့် ဆေးဝါးပင်များအထိ သီးပင်စားပင်အမျိုးအစား အားလုံးကို ကောင်းမွန်စွာစိုက်ပျိုးနိုင်ပြီဖြစ်သည်။ Ulan Buh သဲကန္တာရဒေသ၌ ၂ဝ၁၆ ခုနှစ်တွင် ထိုနည်းပညာ ဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.