Connect with us

Videos

မြန်မာ ကျောင်းသား/သူ များ အတွက် တရုတ် နိုင်ငံ ဖောင်ဒေးရှင်း က Panda Pack အလုံးရေ တစ်သိန်း လှူဒါန်း

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် ပညာရေး ဝန်ကြီးဌာန သို့လွယ်အိတ် ၊ စာရေး ကိရိယာ နှင့် ကျောင်းသုံး ပစ္စည်း မျိုးစုံ ပါဝင်သည့် Panda Pack အလုံးရေ တစ်သိန်း ပေးအပ် လှူဒါန်းပွဲ အခမ်းအနား အား သြဂုတ်လ ၁၇ ရက်တွင် ရန်ကုန် မြို့ရှိ Chatrium ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမော်ထွန်း က ယခုကဲ့သို့ မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ နှင့် ပတ်သက်၍ တစ်ဖက်တစ်လမ်း က အထောက်အပံ့များ ပေး ခဲ့သည့် CFPA အား ပညာရေး ဝန်ကြီးဌာန အနေဖြင့် အထူးကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) အောက်တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ နှင့် NGO အဖွဲ့အစည်း များ က မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး တို့ကို တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တို့ကို သိသာထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ၏ ပူးပေါင်းဆောင်ရွက်မှုများ အောက်တွင် မြန်မာ နိုင်ငံ ပြည်သူလူထု တို့ က ပိုမို များပြားသည့် အကျိုးကျေးဇူး ကို ရရှိသွား နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ အကြား တည်ရှိနေသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ကိုလည်း အဆက်မပြတ် မြှင့်တင်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

CFPA ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဝမ်ရှင်ကြွေ့ (Mr.Wang Xingzui) က ပြောကြားရာတွင် CFPA က မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ နှင့် ပတ်သက်၍ ဘက်စုံ ကူညီထောက်ပံ့မှုများ ပြုလုပ်နေပြီး စီမံကိန်း များ အကောင်အထည် ဖော်ရာတွင် ကူညီအားဖြည့် ပေးခဲ့သည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

Panda Pack ရရှိသည့် ကျောင်းများ ၏ ကိုယ်စား ဆရာမ သက်စုထွေး နှင့် ပေါက်ဖော်ပညာသင်ဆု ရရှိခဲ့သည့် ဒဂုံတက္ကသိုလ် ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာ ဌာန တတိယ နှစ် ဂုဏ်ထူးတန်း ကျောင်းသူ မ သန္တာအောင် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှုများကို ယခုကဲ့သို့ ဖြေကြားခဲ့သည်။

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) က မြန်မာနိုင်ငံ ပညာရေးကဏ္ဍ နှင့် ပတ်သက်၍ ပေါက်ဖော်ပညာရည်ချွန်ဆု (Paukphaw scholarship) ချီးမြှင့်ခြင်း၊ ပန်ဒါအိတ်များ (Panda Pack) လှူဒါန်းခြင်း၊ ကွန်ပြူတာခန်းများ (Computer Lab) ပြုလုပ်ပေးခြင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးပညာရည်ချွန်ဆုချီးမြှင့်ခြင်း (China-Myanmar Friendship Scholarship) နှင့် ရှမ်းပြည်နယ်အတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခြင်း အပါအဝင် ကျောင်းများပြုပြင် ဆောက်လုပ်ခြင်း လုပ်ငန်းများ စသည်ဖြင့် စီမံကိန်း ၆ခု အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ၂၀၁၈ ခုနှစ် တွင် Panda Pack စုစုပေါင်း အရေအတွက် ၄၀,၀၀၀ ကို မြန်မာ နိုင်ငံ ပြည်နယ် နှင့် တိုင်း ၅ ခုရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ် မှ စာသင်ကျောင်းပေါင်း ၂၁၀ ရှိ ကျောင်းသား/သူ ၄၀,၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင်လည်း ပြည်နယ် နှင့်တိုင်း ၁၀ ခုရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ် မှ မူလတန်းကျောင်း များကို Panda Pack စုစုပေါင်း အရေအတွက် ၁၀၀,၀၀၀ ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.