Videos
ကျောက်ကမ်းပါးယံများပေါ်တွင် ခက်ခက်ခဲခဲဖောက်လုပ်ထားသည့် အဝေးပြေးလမ်း
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ဝေးလံ သည့် ဒေသများတွင်နေထိုင်သူများအတွက် သွားလာရေးအဆင်ပြေစေရန် ကျောက်ကမ်းပါးယံများပေါ်တွင် အဝေးပြေးလမ်းမကို ခက်ခက်ခဲခဲဖောက်လုပ်ထားသည်။ အချို့အပိုင်းများတွင် လမ်းများကို နှစ်ကာလနှင့်ချီကာ ကြာမြင့်အောင် ဖောက်လုပ်ရသည်ဟုသိရသည်။ ထိုသို့ တောင်များအတွင်း နှင့် ကျောက်ကမ်းပါးယံများအတွင်းဖောက်လုပ်ထားသော အဝေးပြေးလမ်းမကြီး တည်ဆောက်ပြီးစီးပြီးနောက် ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်ချောမွေ့ ပြီး သွားလာရေးအဆင်ပြေကာ နိုင်ငံခြားခရီးသွားဧည့်သည်များအတွက်လည်း ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။(Xinhua)