Connect with us

Videos

“ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲ ရန်ကုန် တရုတ် ယဉ်ကျေးမှုစင်တာ၌ ဖွင့်လှစ် ပြသ

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

၂၀၂၀ ခုနှစ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း နှစ် ၇ဝ ပြည့် အထိမ်းအမှတ်နှင့် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်အား ပေကျင်းမြို့၌ ကျင်းပခြင်းကို ဂုဏ်ပြု ကြိုဆို သောအားဖြင့် ” ကျွန်ုပ်တို့၏ပိုးလမ်းမ ” ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

“ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံများသည် ပိုးလမ်းမကြီးပေါ်ရှိ မတူညီသော နိုင်ငံ နှင့် လူမျိုးစုများ၏ သဘာဝရှုခင်း ၊ လူမှုယဉ်ကျေးမှုနှင့် ချမ်းမြေ့သာယာဖွယ် ကောင်းသောဘဝအတွက် ကြိုးပမ်းအားထုတ်မှု များကို ဖော်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ခံ လီရှောင်ယန် (Li Xiaoyan)က မြန်မာမိတ်ဆွေများအနေဖြင့် ပြပွဲမှတစ်ဆင့် ခေတ်သစ် ပိုးလမ်းမ တစ်လျှောက်နိုင်ငံများ၏ သဘာဝအလှရှုခင်းများ ကို တွေ့မြင်ခံစားနိုင်မည်ဖြစ်သလို နိုင်ငံအသီးသီးမှ ပြည်သူများ လှပသည့်အနာဂတ်ကိုလျှောက်နေကြသည့် ပုံရိပ်များကိုလည်း တွေ့မြင်နိုင်ရာ ခေတ်သစ်ပိုးလမ်းမ၏ပူးပေါင်းဆောင်ရွက်မှုလမ်းစဉ်၊မျှော်လင့်ချက်လမ်းစဉ်နှင့် အတူအကျိုးဖြစ်ထွန်းမှု လမ်းစဉ်များကို ပိုမိုနားလည်စေမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပြပွဲတွင် ဓာတ်ပုံပေါင်း ပုံ ၆၀ ကို ပြသထားရှိပြီး “ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဓာတ်ပုံပြပွဲကြီး ” ၏ ဓာတ်ပုံဆရာ ၃၃၀ ဦးကျော်မှ ရိုက်ထား သော ထူးခြားပြောင်မြောက်လှသည့် ဓာတ်ပုံပေါင်း ၈၀၀၀ ကျော်အနက်မှ ရွေးချယ်ထား ခြင်း ဖြစ်ပြီး ယင်းဓာတ်ပုံများတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံ လေးပုံ ပါဝင်ကြောင်း သိရသည်။

ယခုအကြိမ်ပြပွဲမှတစ်ဆင့် နိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် မတူညီသော ယဉ်ကျေးမှုများ အကြား အပြန်အလှန် နားလည်သဘောပေါက်မှု နှင့် နှစ်သက်သဘောကျမှုများကို မြှင့်တင်စေနိုင်ပြီး “ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု ” တည်ဆောက်မှု၊ လူသား ကံကြမ္မာများ အတူတကွရှိရေးတည်ဆောက်မှုတု့ိအတွက် မဆုတ်မနစ်သော စိတ်ဓာတ် တွန်းအားဖြစ်စေနိုင်ရန် မျှော်လင့်ကြောင်း သိရသည်။ ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ၌ ဖွင့်လှစ် ပြသသော “ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲအား မေလလယ် အထိ ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.