Connect with us

Videos

ချင်းသောင်မြို့တွင် ရေအောက် ဥမင်ရထားလမ်းတစ်ခုတည်ဆောက်

ချင်းသောင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၏ ရေအောက် တွင် ကီလိုမီတာ ၆၀ အရှည်ရှိ ရေအောက် ဥမင်ရထားလမ်းတစ်ခု တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ချင်းသောင်မြို့၏ အမှတ် ၁ စီမံကိန်း အစိတ်အပိုင်းဖြစ်သည့် ရေအောက် ဥမင်၏ ဘယ်ဘက်အခြမ်းမှာ Haibo တံတားနှင့် Qingshuigou တို့အားချိတ်ဆက်ထားသည့် ဘူတာများရှိရာ မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
ရေအောက်ရထားလမ်းသည် ၂၀၂၁ ခုနှစ်မတ်လတွင် အပြီးသတ်နိုင်မည်ဖြစ်ပြီး ၆၀ ကီလိုမီတာအရှည်ရှိသည်။

ချင်းသောင် အမှတ် ၁ မြေအောက် ရထားလမ်းသည် ချင်းသောင်နှင့် ဟွမ်သောင်တို့အား ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ရာ လမ်းတစ်လျှောက်တွင် ခရိုင် ၅ ခုအား ဖြတ်သန်းဆက်သွယ်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်းတည်ဆောက်ပြီးစီးပါက မြို့၏ ရထားလမ်းအမှတ် ၂ နှင့် အမှတ် ၃ တို့ကိုပါ ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း နှင့် ချင်းသောင်မြို့၏ ဆက်သွယ်သွားလာရေးကဏ္ဍကို တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း သိရသည်။အမှတ် (၁) ရထားလမ်းတစ်လျှောက်တွင် ဘူတာရုံ ၃၉ ရုံ တည်ဆောက်သွားမည်ဖြစ်ပြီး ဘူတာ နှစ်ခု ကြားအကွာအဝေးမှာ ပျမ်းမျှ ၁,၅၆၇ မီတာရှိပြီး အဝေးဆုံးအကွာအဝေးမှာ ၇,၇၇၅ မီတာနှင့် အနီးဆုံးအကွာအဝေးမှာ ၇၄၀ မီတာ အသီးသီးရှိမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.