Videos
ဂါဇာတွင် ကျောင်းသား၂ ဦး ဆိုလာကား တီထွင်
ဂါဇာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် ကျောင်းသား၂ဦး သည် အမေရိကန်ဒေါ်လာ ၁၅ဝဝ တန် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာကားတစ်စီးကို တီထွင်ခဲ့ကြကြောင်း သိရသည်။ ထိုဒေသ၏ လောင်စာဆီလိုအပ်မှုကို ဖြည့်တင်းရန် အတွက် ယခုကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံးကားကို တီထွင်ခြင်းဖြစ်ကြောင်း၎င်းတို့ကဆိုသည်။ ဂါဇာတွင် နေရောင်ခြည်စွမ်းအင်ကြွယ်ဝစွာ ရရှိပြီး တစ်နှစ်တွင် ရက်ပေါင်း ၃ဝဝ ကျော် နေသာသည်။
ဟားမက် အဖွဲ့က ဂါဇာကမ်းမြောင်ဒေသကို သိမ်းယူခဲ့ပြီးနောက် အစ္စရေးသည်၂ဝဝ၇ ခုနှစ်မှ စတင်ကာ ဂါဇာကမ်းမြောင် ဒေသအား ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး နောက် ဒေသအတွင်း လောင်စာဆီ ရှားပါးမှုနှင့်အတူ ဆင်းရဲတွင်းနက်သထက်နက်လာခဲ့သည်။ ထိုပြဿနာများကိုဖြေရှင်းရန်အတွက် ယခုကဲ့သို့ ဆိုလာစွမ်းအင်သုံးကား အမျိုးအစားကို ကျောင်းသား ၂ ဦးက တီထွင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ (Xinhua)